International News

ထိုင်းနိုင်ငံခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့Tourism Authority of Thailand (TAT) က ၂၀၂၀ ခုနှစ်အတွက် ခရီးသွားဝင်ငွေရည်မှန်းချက်ကိုလျှော့ချ

Last Updated:

ခရီးသွားလုပ်ငန်း ကဏ္ဍသည် ဆယ်စုနှစ်အတွင်း ပထမဆုံးဝင်ငွေကျဆင်းမှုကို ဉီးတည် နေပြီဖြစ်ရာ အကြီးမားဆုံး အရင်းအမြစ် ဈေးကွက်ဖြစ်သော တရုတ်ခရီးသွား ဧည့်သည်များသည် ကူးစက်ရောဂါကြောက်ရွံ့မှုများအကြားတွင် ပိတ်ဆို့ခံထားရဆဲရှိနေပါသည်။

ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကြောင့်ယခုနှစ်အစပိုင်းမှစ၍ ဆိုးကျိုးများစွာကိုရင်ဆိုင်ဖြေရှင်းခဲ့ရပြီးနောက် ထိုင်းနိုင်ငံခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့Tourism Authority of Thailand (TAT) က ၂၀၂၀ခုနှစ်အတွက် ဝင်ငွေရရှိမှု ရည်မှန်းချက်(Taget) အား ဘတ်ငွေ (၂.၉၁) ထရီလီယံသို့ လျှော့ချခဲ့ပါသည်။ ပြန်လည်ပြင်ဆင် ထားသောရည်မှန်းချက် (Target) သည် ၂၀၁၉ ခုနှစ်တွင် ဝင်ရောက်လာသော ခရီးသွားလုပ်ငန်းမှဝင်ငွေ (၃.၀၁) ထရီလီယံဘတ်ထက် (၃.၄%) နည်းပါးပြီး ယခင်က ရည်မှန်းထားသော (၃.၁၆) ဘီလီယံထက်လျှော့နည်းပါသည်။

TAT ၏ အုပ်ချုပ်ရေးမှူး Yuthasak Supasorn က ပြန်လည်ပြင်ဆင်ထားသော ရည်မှန်းချက်သည် ဗိုင်းရပ်စ်ဖြစ်ပွားမှု၏ သက်ရောက်မှုကိုထင်ဟပ်ကြောင်း၊ ဌာန၏ ပြည်တွင်းနှင့် ပြည်ပရုံးများအနေဖြင့် ၎င်းတို့၏တွက်ချက်မှုများအား စာရင်းအင်းများနှင့် ရှေ့အနာဂတ် အလားအလာများကို ခန့်မှန်းအသုံးပြု တွက်ချက်ခဲ့ကြခြင်း ဖြစ်ပါသည်။

အမျိုးသားစီးပွားရေးနှင့်လူမှုဖွံ့ဖြိုးတိုးတက်ရေးကောင်စီအနေဖြင့် ၎င်း၏ ခရီးသွားလုပ်ငန်း ခန့်မှန်းချက်အား မကြာမီ ညိှနှိုင်းရန် မျှော်လင့်ကြောင်း၊ ၎င်းသည် TAT ၏ ရည်မှန်းချက် (Target) နှင့် သိပ်ကွာခြားမှာမဟုတ်ကြောင်း ၎င်းကပြောကြားခဲ့ပါသည်။

ဝင်ငွေကျဆင်းမှုများမှာအများအားဖြင့် အပြည်ပြည်ဆိုင်ရာဝင်ငွေကျဆင်းမှုကြောင့်ဖြစ်ပြီး (၁.၇၈) ထရီလီယံရှိပြီး  ယမန်နှစ်က ဘတ်ငွေ (၁.၉၃) ဘီလီယံထက် (၇.၇%) ကျဆင်းခြင်းဖြစ်ပါသည်။  တရုတ်၏ အုပ်စုလိုက်ခရီးသွားမှုကို တားမြစ်ခြင်းမတိုင်မီ NESDC မှ ခန့်မှန်းတွက်ချက်မှုအရ ထိုင်းနိုင်ငံအနေဖြင့် ယခုနှစ်တွင် အပြည်ပြည်ဆိုင်ရာမှဝင်ရောက်မှု (၄၁.၈)သန်း ရရှိမည်ဖြစ်ပြီး ယခင် TAT ၏ ခန့်မှန်းချက်ဖြစ်သော (၄၀.၈) သန်းထက် အနည်းငယ်ပိုများပါသည်။ TAT အနေဖြင့် ၎င်း၏ ခရီးသွားခန့်မှန်းချက်အား (၃၆) သန်းသို့ လျှော့ချခဲ့ပါသည်။

ယခုနှစ်အတွက် ခရီးသွားဝင်ရောက်မှု အများဆုံး(၃၆)သန်းရှိလိမ့်မည်ဟု Mr. Yuthasak က ပြောကြားခဲ့ပါသည်။ အကယ်၍ အခြေအနေပိုဆိုးလာပါက (၃၅) သန်းသို့ ရောက်သွားနိုင်ကြောင်း၎င်းက ပြောကြားပါသည်။ သို့ရာတွင်ဌာနအနေဖြင့် ပြည်တွင်းဈေးကွက်အတွက် ရည်မှန်းချက်များကိုဆက်လက်ထိန်းသိမ်းထားပါသည်။ ယခုနှစ် တစ်နိုင်ငံလုံး ခရီးစဉ် ( ၁၇၂) သန်း မှ ဘတ်ငွေ (၁.၁၃)ထရီလီယံ ရရှိစေလိမ့်မည်ဖြစ်ပါသည်။ ကိုရိုနာဗိုင်းရပ်စ်သည် ကျောင်းသားကျောင်းသူများအား သက်ရောက်စေနိုင်သည့်အတွက် ရောဂါကူးစက်မှုကိုရှောင်ရှားရန် ကွင်းဆင်းလေ့လာမှု ရီးစဉ်များကို ဖျက်သိမ်းခဲ့ပါသည်။

ထိုင်းခရီးသွားလုပ်ငန်းအတွက် ရှင်းလင်းသောမြင်ကွင်းကို ဖေဖေါ်ဝါရီလ (၂၀) ရက်နေ့ နောက်ပိုင်းတွင်တွေ့မြင်နိုင်သည်ဟု ထိုင်းခရီးသွားလုပ်ငန်းရှင်များ အသင်းဉက္ကဌ Vichit Prakobgosol က ပြောကြားခဲ့ပါသည်။ ထိုအချိန်တွင် တရုတ်ခရီးသွားများအားလုံး နီးပါးသည် ပြည်မသို့ပြန်ရောက်ကာ (၁၄) ရက်ကြာ စောင့်ကြပ်ကြည့်ရှုမည့် အချိန်ကာလကို ကျော်ဖြတ်ပြီးဖြစ်လိမ့်မည်ဟု Mr. Vichit ကပြောကြားခဲ့ပါသည်။

ယခုကိစ္စနှင့် ပတ်သက်၍ တရုတ်အစိုးရအနေဖြင့် ယခုလတွင် ထိန်းချုပ်နိုင်ပါက ခရီးသွားအုပ်စုများအနေဖြင့် နှစ်လအတွင်း ပြန်လာနိုင်ဖွယ်ရှိသည်ဟု တရုတ် ခရီးသွားလုပ်ငန်းရှင်များက ယုံကြည်ထားကြပါသည်။ ဤအတောအတွင်း ပြည်သူ့ကျန်းမာရေးဝန်ကြီး Anutin Charnvirakul ဉီးဆောင်သောအမျိုးသားခရီးသွား မူဝါဒကော်မတီသည် ပုဂ္ဂလိကများနှင့် အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို ဖေဖေါ်ဝါရီ လ (၁၃) ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး ခရီးသွားလုပ်ငန်းအတွက် အကူအညီ ပေးရေးအစီအမံများနှင့်ပတ်သက်၍ ဆွေးနွေးကြမည်ဖြစ်ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ)

Source:Bangk Post                                                               

Category: International News